ပေါက်ခေါင်း ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ပြပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ အဆိုပါ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့် ကဗျာ၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်-မြန်မာ အတ္ထုပ္ပတ္တိရုပ်ပြစာအုပ်၊ အကျိုးအကြောင်း အဆိုး အကောင်း၊ မြန်မာ့ရေးရာနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးစာအုပ်နှင့် အခြားသုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းအောင်