ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးအားကစားကွင်း၌ပြုလုပ်ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် မြို့မဘောလုံးအသင်းနှင့် တံခွန်တိုင်ကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တံခွန်တိုင်အသင်းက မြို့မအသင်းအား ၃ဂိုး၂ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဆက်လက်ကျင်းပရာ ပထမရရှိသည့် တံခွန်တိုင်ကျေးရွာဘောလုံးအသင်းအား တစ်ဦးချင်းစီလည်ဆွဲဆု တံဆိပ်နှင့် ငွေကျပ်ခုနစ်သိန်း ပထမရဖလားဆုကလပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က လည်းကောင်း ဒုတိယဆုရ မြို့မအသင်းအား တစ်ဦးချင်းစီလည်ဆွဲ ငွေကျပ်ငါးသိန်းကို မြို့နယ်ဘောလုံး အားကစားကော်မတီဥက္ကဋ္ဌ ဦးခင်ဇော်ကလည်းကောင်း ပူးတွဲတတိယဆုရရှိသည့် ကျိုက်ဒုံမြို့အသင်းနှင့် ကြခတ်ချောင်းကျေးရွာ ဘောလုံးအသင်းနှင့် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားဆုရရှိသူများအား တာဝန်ရှိသူများမှဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး