မိုးမိတ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးမိတ် ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း(၁)တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ် ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များ ဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ်ဓါတ်၊တိုင်းရင်းသား စည်းလုံးညီညွတ်မှုစိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများပါဝင်ကြောင်း သိရသည်။

 မိုးမိတ်သား (ခရိုင်ပြန်/ဆက်)