ကျောက်ဆည်မြို့တွင် ကျေးရွာ(၄)ရွာအကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ကျောက်ဆည် ဒီဇင်ဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုးပြုမည့် ကျေးလက်လမ်းအား ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၄၂.၈၀၀)သန်း အကုန်အကျခံကာ ကျောက်ဆည်ခရိုင် အမှတ်(၂)ပတ်လမ်းနှင့်ဆက်သွယ်ထားသည့်  အရှည် (၂)မိုင် (၅)ဖာလုံ၊ အကျယ်(၁၈)ပေ၊ ထု(၄)လက်မရှိ အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာလမ်းဖြစ်ကြောင်း သိရသည်။

ဂျင်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄)ရွာမှအိမ်ခြေ(၄၉၀)၊ လူဦးရေ(၂၁၉၂)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် များစွာအဆင်ပြေသွားမည်တော့ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ဈေးကွက်အတွင်းသို့ လွယ်ကူစွာရောင်းဝယ်နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 သက်မောင်(ကျောက်ဆည်)