(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ချောက် ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ ညနေ နာရီအချိန်က မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အားကစားကွင်းတွင် စတင်ကျင်းပကြောင်း သိရသည်။

ဘော်လီဘောပြိုင်ပွဲ (ကျား)ကို ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ရက်ထိ ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ရှုံးထွက်စနစ် ယှဉ်ပြိုင်မည်ဖြစ်သည်ပြေးခုန်ပစ်ပြိုင်ပွဲ (ကျား/မ)ကို ဇန်နဝါရီ ရက်နေ့တို့တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အလားတူ စားပွဲတင် တင်းနစ် ပြိုင်ပွဲ(ကျား)ကို ဇန်နဝါရီ ရက်၊ ရက် နေ့များတွင် ချောက်ရေနံ အပန်းဖြေရိပ်သာ (၁)တွင် ကျင်းပမည်ဖြစ်သည် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို (၇၄)နှစ်မြောက်လွတ် လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီလ(၄)ရက်နေ့၌ မြို့နယ်အားကစားကွင်းတွင် ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံက သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)