ဟိုပန် ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့က အထကကျောင်း(ဟိုပန်) စုရပ်နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေး ထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆေးထိုးနှံသည့် ကျောင်းသား/ သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက် အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံခွင့်ရှိသူ အသက် (၁၂)နှစ်အထက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ(၁၀၄၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)