ပင်းတယ ဇန်နဝါရီ ၂
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ အော်ယောရပ်ကွက်၌ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။
အဆိုပါအားကစားပြိုင်ပွဲတွင် ပင်းတယမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဝါတွင်းကာလ အာရုံဆွမ်း လောင်းလှူအသင်းဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲဝင် အားကစားအသင်း စုစုပေါင်း ၉ သင်းရှိရာ ၄ သင်းအုပ်စု၊ ၅ သင်းအုပ်စုဖြင့် အုပ်စုပထမ၊ ဒုတိယဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊တစ်သင်းလျှင် အသင်းဝင်ကြေး ကျပ်၂၀၀၀၀ သတ်မှတ်ထားပြီး၊ ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းအား (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရာနေရာတွင် ဆုများကိုပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမဆု ကျပ်(၁)သိန်း၊ဒုတိယဆု ကျပ်(၇)သောင်း၊တတိယဆု ကျပ် (၅)သောင်းနှင့်စတုတ္ထဆု ကျပ်(၄)သောင်းပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)