မာန်အောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

မာန်အောင်  ဇန်နဝါရီ    

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ ညနေ ၅နာရီက မာန်အောင်မြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူ များအနေဖြင့်မီးဘေးလုံခြုံရေးအတွက်မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထား ရှိရန်၊ထမင်း ဟင်းချက်ပြုတ်ရာတွင် ထင်း၊မီးသွေး မီးဖိုအသုံးပြုပါက စနစ်တကျသုံးစွဲပြီးမီးငြှိမ်းသတ်ထားရန်၊ဟောင်းနွမ်းနေသော​လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊မော်တော်ယာဉ်များ၊စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ နေအိမ်များ၊ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့်မီးချိတ်၊မီးကပ်၊သဲအိတ်၊ရေအိတ်၊မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန် စသည့် ပြည်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များသို့သံချဲ့စက်ဖြင့်လှည့်လည်၍အပတ်စဥ်စနေ့နေတိုင်း အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

သိန်းဖေ(ပြန်/ဆက်)