ဘားအံ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်သက္ကရာဇ်၂၇၆၁ခုနှစ်၊ ၂၀၂၂ပြည့်နှစ် ဇန်နဝါရီလ၂ ရက်၊ မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ ပြာသိုလဆန်း၁ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပြခန်းများ ခင်းကျင်းပြသရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ပညာရေး ပြခန်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ပြခန်း၊ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ ကရင်ပြည်နယ် လမ်းဦးစီးဌာနပြခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးပြခန်း၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ ကရင်တိုင်းရင်သားလူမျိုးတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုအမွေ အနှစ်ပြခန်းများ ခင်းကျင်းပြသထားရာ အခမ်းနားသို့ တတ်ရောက်လာသော ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများက လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)