ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ ဖြစ်သော ကားမှတ်တိုင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူငယ်၊ လူရွယ်၊ ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကိုမြတ်နိုးတန်ဖိုးထား တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်များ ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန် ထက်မြက်စေရေး ရည်ရွယ်ချက်များဖြင့် ပြည်သူများလက်၀ယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။