မေတ္တာမြို့၌ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အသက်(၈၀)နှစ်အထက် သက်ကြီး ဘိုးဘွားများအားထောက်ပံ့ငွေများပေးအပ်

မေတ္တာ ဇန်နဝါရီ   ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ကရင်နှစ်သစ် ကူးနေ့အထိမ်းအမှတ် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မေတ္တာမြို့၊ "ဝေတာအယ်" ကရင်နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ထောက်ပံ့ငွေများကို အမှတ်(၁/၂)ရပ်ကွက်ရှိအသက်(၈၀)နှစ်အထက်အဘိုး အဘွား(၁၈)ဦး တစ်ဦးလျှင် ကျပ်(၁၅၀၀၀)စီဖြင့် မေတ္တာမြို့၊ "ဝေတာအယ်" ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အသင်းထောက်လူကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)