သုံးခွ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မကျီးပင်ချောင် ကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ပေးမီ သုံးခွမြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်လ၀ကမှူး ဒေါ်မင်းမင်းသန်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်း ကြောင့် ရရှိမည့်အကျိုး ကျေးဇူးများ၊ ပျောက်ဆုံးပျက်စီးခြင်းမရှိစေရန် စနစ်တကျ ထိန်းသိမ်းရမည့် နည်းလမ်းများ၊ နိုင်ငံသားကတ်ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးမည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပက်သက်၍ သိသင့်သိထိုက်သည်များ ပါရှိသော "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" လက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများအား ဖြန့်ဝေပေးခဲ့ သည်။ ထို့နောက် လိုအပ်သော သက်သေခံအထောက်အထားများ၊ စာရွက်စာတမ်း များ၊ ပူးတွဲတင်ပြသည့် အထောက်အထားများအား စိစစ်၍ ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား) ပုံစံစာရွက်တွင် လိုအပ်သော အချက်အလက်များ ဖြည့်စွက် ခြင်း၊ စိစစ်ခြင်းများအား ဆောင်ရွက်ပြီး ကျား(၇၉)ဦး မ(၇၈) ဦး စုစုပေါင်း (၁၅၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စုတို့တွင် ရပ်ကွက်(၁၂) ရပ်ကွက် ကျေးရွာအုပ်စု(၅၄)အုပ်စု၊ တို့အား ကွင်းဆင်းဆောင်ရွက်ပေးပြီးဖြစ်သည်။ ယနေ့တွင် မကျီးပင်ချောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အတူ သာသာမြိုင်ကျေးရွာ နှင့် သမစိတ္တကျေးရွာများရှိ ပြည်သူများအား မြို့နယ် လဝကရုံးမှ ဝန်ထမ်းများက အုပ်စု(၃)ခွဲ၍ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရပြီး ကျန်ရှိနေသော ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်