သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jan 03,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် အလှပြယာဉ်များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ရွှေသောင်ယံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများကြား လိုက်လံဖြန့်ဝေပေးခဲ့ ကြသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၁.၀၀) နာရီအချိန်ကပုဇွန် တောင်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပက်သက်သည့်အကြောင်းအရာများကို ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်အား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ (အခမဲ့)ဖြန့်ဝေခြင်းနှင့် ပြည်သူ့အကျိုးပြု စုပေါင်းသန်းရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်
Jan 03,2022
ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင် ရာ အကြီးအကဲများပူးပေါင်းကာ အမှတ်(၁) ရပ်ကွက် အနောက်ကွင်းစျေး၌ ယနေ့နံနက်(၈)နာရီ အချိန်က လမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစည်ပင်သာယာစျေးသို့ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့်ပြည်သူ့အကျိုးပြုစုပေါင်းသန်းရှင်းရေးဆောင်ရွက်ခဲ့သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရပ်ကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီက လူငယ်များ အစဉ်ထာဝရ မမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရပ်ကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲပြသခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လိုက်လံ ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။