ဒဂုံအရှေ့ ဇန်နဝါရီ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ ဖြစ်သော ကားမှတ်တိုင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူငယ်၊ လူရွယ်၊ ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကိုမြတ်နိုးတန်ဖိုးထား တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်များ ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန် ထက်မြက်စေရေး ရည်ရွယ်ချက်များဖြင့် ပြည်သူများလက်၀ယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုး သားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံးသောလွတ်လပ်ရေးနေ့ အခမ်းအနားတွင်ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့ နှင့်သက်ဆိုင်သော ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းများကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြ ထားကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)