သတင်းများ

ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်"အိုမီခရွန်" အကြောင်းသိကောင်းစရာများအကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးကြောင်းကဗျာများ ရေးသားထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးကြောင်းကဗျာ များရေးသားထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝက်လက်မြို့ ၌ ဓာတ်မြေသြဇာ အကျိုးရှိစွာ အသုံးစွဲနည်း အသိပညာပေး သင်တန်းဖွင့်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်အတွင်း ကျေးရွာ အသီးသီးရှိ ဒေသခံတောင်သူများကို ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲနည်း အသိပညာပေး သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။
လသာမြို့နယ်တွင်အသက်  (၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Jan 12,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာ ကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောအစီအစဉ်ကို Online မှတစ်ဆင့် စီစဉ်တင်ဆက်
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင်း မလာရောက်နိုင်ကြသော ကျောင်းသား/သူများနှင့် ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page မှာ Online မှတစ်ဆင့်ပညာပေးအစီ အစဉ်များနဲ့ ပုံမှန်ပညာပေးလွှင့်တင်ပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ပုံပြင်ပြော အစီအစဉ်ကို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များတွင်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ရေထွက်ကျေးရွာအုပ်စုသို့ လှည့်လည် အသိပညာပေး နှိုးဆော်ကြေညာခဲ့သည်။
ခါမ်းပါတ်မြို့တွင် မီးဘေးကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးဘေးကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ ခဲ့ကြောင်း သိရသည်။