ပေါင်းတည် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ မြို့မအထကကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို မြို့မကျောင်းအုပ်ဆရာမကြီးက ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲတွင် နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မအရင်းအမြစ် အသက်သွေးကြောဖြစ်သည်၊ လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွားသွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲညီကြမည်၊ (၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီ ဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့၊ ခေါင်းစဉ်များကို အထက်တန်းဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မဲနှိုက်၍ ယှဉ်ပြိုင်ကြကြောင်းသိရသည်။
အေးအေးဆင့်(ပြန်/ဆက်)