လားရှိုး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဇန်နဝါရီလ(၃) ရက်နေ့ နံနက်(၁၀)နာရီ အချိန်က လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလ တစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်၊ လွတ်လပ်ရေး နှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့် ကာကွယ်ပါ စသည့် အကြောင်းအရာများ ပါဝင်ပြီး လားရှိုးမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ရှေ့၊ ကားဂိတ်များနှင့် မြို့မစျေးတို့တွင် လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး