သတင်းများ

သဲကုန်းမြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 28,2025
ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်​နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု‌လျှော့ချ‌ရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးခြင်းဆောင်ရွက်
Jan 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ စီမံမှုဖြင့် KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Jan 28,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်
Jan 28,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါကျောင်းရှိ နှင်းဆီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။  
ဇလွန်မြို့ မြို့မဈေးသစ်တွင် အခြေခံစားသောက်ကုန်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် အလုံး(၂၀၀၀) ရောင်းချပေး
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မဈေးသစ်တွင် ရောင်းချပေးခဲ့သည်။
ကြံခင်းမြို့ရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးသည်။
ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆောင်ရွက်သည်။
ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းအား နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ကြည့်ရှုစစ်ဆေး
Jan 28,2025
နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြား‌ရေးမှူး ဦးမြတ်သီဟသည် ယ​မန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံခဲ့ကြောင်း သိရသည်။