ကြံခင်းမြို့ရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကြံခင်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် တပ်ဖွဲ့ဝင်များက တစ်ရုံးဝင် တစ်ရုံးထွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊  ရေကန်များ စနစ်တကျ ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်း၊ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် လျှပ်စစ်မီးသုံးစွဲရာတွင် ဝါယာကြိုးများမှတဆင့် မီးလောင်မှုဖြစ်ပွားနိုင်သောကြောင့် ဆွေးမြေ့ ပေါက်ပြဲနေသော ကြိုးများကို လဲလှယ်သုံးစွဲကြရန် အသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)