သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jan 27,2025
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်)ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ
Jan 27,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့​နေ့လယ်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်းစိုက်ပျိုးခြင်းအတွက် သွင်းအားစုများ ပေးအပ်
Jan 27,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီထွက်သီးနှံ(နေကြာ)စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာရှိ တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင်ကျင်းပသည်။
ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုး‌တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ‌ငပု‌တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.မ.က(၃) ကျောင်းနှင့် အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူး‌ပေါင်း၍ မူလတန်းအဆင့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က(၃)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက်လေလံတင်ရောင်းချပွဲအခမ်းအနား ကျင်းပ
Jan 27,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က လောကနန္ဒာစွယ်တော်မြတ်စေတီရင်ပြင်တော် တန်ဆောင်းတော်တွင် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Jan 27,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မြန်အောင်မြို့နယ်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးနှင့်စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လှူဒါန်း
Jan 27,2025
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် စေတနာရှင်ပြည်သူများက ဆေးဝါးနှင့်စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အတွင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (School Meal) (ဒုတိယအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။