ကံမမြို့နယ်၌ KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ် စတင်ဆောင်ရွက်
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ယနေ့နံနက်(၁၀)နာရီက စတင်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။