သတင်းများ

ဒလမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ) အကြိမ် ကျောင်းတွင်း‌ နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကမာကဆစ်ရပ်ကွက်ရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းနှင့် ဘုရင့်နောင်ရပ်ကွက်ရှိ အမှတ် (၁၉) အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
နောင်တရားမြို့ အ.ထ.ကကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် (KG) ကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇန်နဝါရီလ၊ ဒုတိယအကြိမ် (KG) ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Jan 28,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ကျောင်းသူလေးများကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အိုးဘိုရပ်ကွက် အ.မ.က(၅)ဓာတ်မီးကျောင်းနှင့် အ.မ.က(၈)ဗိုလ်ချုပ်ကျောင်းတို့တွင် ဆောင်ရွက်သည်။
ဓနုဖြူမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မိုင်းယန်းမြို့၌ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်း စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jan 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းျများစိစစ် အတည်ပြုနိုင်ရေးဆောင်ရွက်မှုလုပ်ငန်းစဉ် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Round Baler (ကောက်ရိုးထုံးစက်) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာရှိ တောင်သူဦးထွန်းထွန်းဦးပိုင် ကွင်းအမှတ် ၅၇၀/ ခ၊ ပေါက်အင်းကွင်း၊ ကွင်းအမှတ် ၁၅/ ၁ ရှိ၄.၉၈ ဧကလယ်မြေတွင် ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက Round Baler (ကောက်ရိုးထုံးစက်)၊ Rotary Mulcher (ကောက်ရိုး ဖြတ်ခုတ်စက်)များအသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် တာဝန်ရှိသူများပူးပေါင်း၍ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jan 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ  ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။