ချောင်းဆုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီထွက်သီးနှံ(နေကြာ)စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာရှိ တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင်ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က နိုင်ငံ့စီးပွားမြှင့်တင်းရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံနေကြာစီမံကိန်းစိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများနှင့် သွင်းအားစုပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တောင်သူများမှ လုပ်ငန်းခွင်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၃)ရွာမှ တောင်သူ(၁၃၈)ဦးအား တာဝန်ရှိသူများက ဆီထွက်သီးနှံ(နေကြာ)စီမံကိန်း စိုက်ပျိုးဆောင်ရွက်မည့် ဧက(၅၀၀)အတွက် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ချောင်းဆုံမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနေကြာ(၃၉၃၇)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ (၃၄၃၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်