မော်လမြိုင်ကျွန်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်

မော်လမြိုင်ကျွန်း ဇန်နဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အတွင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (School Meal) (ဒုတိယအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ(ဒုတိယအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အ.လ.က(တောရ)ကျောင်းနှင့် အ.မ.က (ချမ်းမြေသာယာ) ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာစန်းဝင်း၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးမျိုးဆွေ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၃၇၇) ကျောင်းတို့တွင်လည်း KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို တပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)