မြန်အောင် ဇန်နဝါရီ ၂၇
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် စေတနာရှင်ပြည်သူများက ဆေးဝါးနှင့်စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းစိုးနှင့်အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းတို့က ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်ယဥ်မြတ်သူနှင့်အဖွဲ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသော ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက်မြန်အောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များအတွက် ဆေးဝါးနှင့်စားသောက်ဖွယ်ရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သုံးသိန်းအား မြန်အောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့်အဖွဲ့ကပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုးမှ လက်ခံရယူခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့်စေတနာရှင်ပြည်သူများက ၇၇၀၀၀၀ ကျပ်တန်ဖိုးရှိ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)