ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်)ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

ရွှေဘို ဇန်နဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့​နေ့လယ်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

​ရှေးဦးစွာ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက အမျိုးသမီးငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိစေရေး၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖြစ်ပေါ်လာပြီး ဝင်ငွေတိုးရေးအတွက် ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်​သင်ကြားပေးခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး​နောက် သင်တန်းသူတစ်ဦးက ​ကျေးဇူးတင်စကား​ပြောကြားခဲ့သည်။

ထို့​နောက် သင်တန်းနည်းပြ ဒေါ်ဝင်းပပထွန်းအား ဂုဏ်ပြုလက်​ဆောင်နှင့် သင်တန်းသူများအား ဆံပင်ဆံအုပ်(ဘိုးကလစ်)များကို လက်​ဆောင်ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂၆ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂)ရက်တာ စာ​တွေ့လက်​တွေ့သင်ကြားခဲ့ပြီး သင်တန်းသူ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)