လှိုင်းဘွဲမြို့ စစ်ဗျူဟာ(အခြေချ)နှင့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ​ပြု လုပ်ကျင်းပ

လှိုင်းဘွဲ  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)နှင့် တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအ တွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်က ကြီးမှူး၍ ယနေ့နံနက် (၈) နာရီအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အမျိုးသား မီနီမာရသွန်အပြေးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် ကလေးငယ်များအတွက် အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ စသည့် ပျော်ရွှင်ဖွယ်ရာ အားကစားပြိုင်ပွဲများကို  ပြုလုပ်ကျင်းပခဲ့ကြသည်။

လင်းသန့်(ပြန်/ဆက်)

09425037050