ရန်ကင်း ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်ည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြန်မာ့ ရိုးရာခြင်းလုံး အလှခတ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီကအမှတ်(၁၂)ရပ်ကွက် အားကစားကွင်း ခြင်းခတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းမင်းလတ်၏ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားဝါသနာပါသူများအားလုံး ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ပူးပေါင်းကျင်းပဆောင် ရွက်ခြင်းဖြစ်ရာ၊ မြို့နယ် အတွင်းမှ ဝါသနာရှင်အသင်း(၇)သင်းမှ ပါဝင်၍ ခြင်းလုံးအလှခတ်ပြခဲ့ပြီး အသင်းအားလုံးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ထံမှ သိရသည်။
လှလှထွေး