ပင်လုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၌ ၄-၁-၂၀၂၂ ရက်နေ့နံနက် ၁၁:၀၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) ဉက္ကဋ္ဌ အငြိမ်းစားကျောင်းအုပ်ဆရာမ ကြီး ဒေါ်နော်ပြည်အေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပင်လုံမြို့ရုံးဉီးစီးမှူးတို့က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ အကြောင်းအားလည်းကောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ဓါတ် ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်းတို့အား ဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရသည်။