သတင်းများ

ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူး‌ပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ကျောက်ဆည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများချီးမြှင့်
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် လူငယ်များ အသက်အရွယ်ငယ်စဉ်က ပင်ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ခန္ဓာကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွှတ်မှုရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန်အတွက် ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိ သူများအား ဆုချီးမြှင့်
Jan 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့်၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများ အားဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိုးနဲ(အထက) ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဘောလခဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 05,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နံနက် ၈ နာရီကနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း​ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီ အချိန်က ကြံခင်းမြို့(အထက)ကျောင်းရှေ့ဘောလုံးကွင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်မွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကျင်းပ
Jan 05,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီ အချိန်၌ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ဂိမ်း ပြိုင်ပွဲ များကျင်းပ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ဂိမ်းပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တာလေ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်
Jan 05,2022
ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။