ရေးမြို့နယ် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jan 06,2022
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင်မှုဖြင့် ဆောက်လုပ်နေသည့် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တူးမြောင်းကျေးရွာအနီး ရေး-မော်လမြိုင် လမ်းမကြီး၊ လေယာဉ်ကွင်းဟောင်းရှေ့ အဆိုပါ ဆောက်လုပ်မည့်မြေနေရာ၌ ဆောင်ရွက်ခဲ့သည်။