သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစကားသမားများအား တွေ့ဆုံအားပေး
Jan 06,2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအားကစ ကားသမားများအား တွေ့ဆုံအားပေးပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ကျောက်ဖြူမြို့၌ မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေ ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်ကျော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်​ရေးသင်တန်း ဖွင့်လှစ်
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်​ရေး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ရေတာရှည်မြို့ တောင်သူ လယ်သမားသင်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်း၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာ အရောက် ထောက်ပံ့ပေးအပ်
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ကို ယနေ့နံနက် ၁၁ နာရီအချိန် က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွား(၃၄)ဦးအား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က မသန်စွမ်းသူများအခွင့်အရး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 06,2022
ပြည်ထောင်စုနယ်မြေနေပြည်တော်  ဇေယျာသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် အစိုးရ စက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
Jan 06,2022
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေများကြောင့် ယာယီပိတ်ထား ခဲ့သည့် အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို အနှစ်သာရ ရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်
Jan 06,2022
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာ ရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး စီမံခန့်ခွဲမှု ဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီတို့၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။