သတင်းများ

ရပ်စောက်၌ လမ်းသွားလမ်းလာပြည်သူများအား (RDT) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့်အတူ လင်းမြတ်မင်း ကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နတ်သျှင်ရွှေဂူ၏ "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျား စျေးကောင်းရ
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျား ကာလတွင် အဖွင့်စျေးကောင်းရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုး ရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိ
Jan 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာတွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မိရိုးဖလာရိုးရာ လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြသည့် မြန်မာတို့၏ သနပ်ဖက် လုပ်ငန်း
Jan 07,2022
မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှ မြင်ဖူးပေလိမ့်မည် သို့သော် သနပ်ဖက် ကိုတော့ မမြင်ဖူးသူ ရှားပေလိမ့်မည် အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူ များသောကြောင့် ဖြစ်သည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသ
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြ​သည်။
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေကတ္တရာလမ်းတိုးချဲ့ခြင်း လုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။