သတင်းများ

မင်းလှမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်လည်၍ Hand Speaker ဖြင့် နှိုးဆော်ခြင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ပထမနှစ်ဝက်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် အေးချမ်းစွာဖြေဆို
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း) အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်မှ ၇ ရက်) နေ့အထိ တစ်နေ့လျှင် (၂) ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅)မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့ (​နောက်ဆုံးနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ရွှေတောင် မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သရက်တောရပ်ကွက် နှင့်စံပြရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ကြံအထူးအထွက်တိုး စံပြကွက်စိုက်ပျိုး
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ ကွင်းအမှတ် ၄၉၀ ၊ တောင်သူဦးမောင်ငြိမ်း၏ ယာမြေ ၅ ဧကတွင် ယနေ့ နံနက် ၈ နာရီက (နဝဒေး-၄)မျိုး ကြံအထူးအထွက်တိုး စံပြကွက်စိုက်ပျိုးကြောင်း သိရသည်
ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jan 07,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက်၉ နာရီအချိန်မှ စတင်ကာ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်တွင် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပ‌ပျောက်မှုရှိစေရေး အများပြည်သူများ သိရှိလိုက်နာရမည့် ညွှန်ကြားချက်များကို လိုက်လံ နှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်၅ရပ်ကွက်နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဆိုးကြီးကို မပေါ့ဆ ကြရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ လက်ကိုင်အသံချဲ့စက်ငယ် Hand Speaker ဖြင့် ရပ်ကွက်များအတွင်းသို့ လိုက်လံ နှိုးဆော်‌ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက (Boook Club) အသင်းအဖွဲ့နှင့် (Women Club) အသင်းအဖွဲ့ဝင်များမှ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။