သတင်းများ

တောင်သူများအတွက်မျိုးကောင်း မျိုးသန့်စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးပေးနေသည့် ပေါက်အင်းစိုက်ကွင်း
Jan 16,2022
စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားဒေသများရှိ သီးနှံစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးကောင်း မျိုးသန့်၊ မျိုးစေ့များ ဖြန့်ဖြူးပေးနေသော ချောင်းဦးမြို့ရှိ ပေါက်အင်းစိုက်ကွင်းတွင် ယခုနှစ် ဆောင်းရာသီ သီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ဧက ၂၁၀၀ စိုက်ပျိုးအောင်မြင် နေကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jan 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ပြုလုပ်သည်။
ခမောက်ကြီးမြို့တွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမသုတ်(ဒုတိယကြိမ်)ထိုးနှံပေး
Jan 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကို ခမောက်ကြီးမြို့အမှတ်(၁)နှင့်အမှတ်(၄) ရပ်ကွက်ရှိအသက်(၁၈)နှစ် ပြည့်သူများအား ပဉ္စမအသုတ်(ဒုတိယကြိမ်)ကို ယမန်နေ့ ၁၂ နာရီခန့်မှစ၍ ခမောက်ကြီးမြို့ပြည်သူ့ဆေးရုံ တွင်   ထိုးနှံပေးခဲ့သည်။
အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲကျင်းပ
Jan 16,2022
ရှမ်းပြည်နယ် (တော်ပိုင်း) လွိုင်လင်ခရိုင် အမျိုးသမီးအား ကစားဆပ်ကော်မတီနာယကဖလား မြို့နယ် ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၀  - ၂၀၂၁   ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 16,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဂျီအီးစီ ခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်သမဝါယမဉီးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အသင်းသားများ တက်ရောက်ကြသည်။
မုဒုံမြို့နယ်တွင် ဂန္ဓမာပန်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Jan 16,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာနေ ပန်းစိုက် တောင်သူများထံမှ သိရသည်။
ပင်လောင်းမြို့၌  နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test kit ဖြင့်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်
Jan 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကယားပြည်နယ် နှင့် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်မှ ရောက်ရှိလာသည့် နေရပ်စွန့်ခွာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test kit ဖြင့်စစ်ဆေးမှုလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ အထိ နေရပ်စွန့်ခွာသည့် ပြည်သူများ တည်းခိုသည့် နေရာများသို့ သွားရောက် စစ်ဆေးပေး ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် သာမဏေကျော်ဘွဲ့ရ အရှင်ဥက္ကံသ လင်္ကာရ"ပထမဂုဏ်ထူး"၏ "ဂုဏဝိသိဋ္ဌပူဇော်ပွဲ"ကျင်းပ
Jan 16,2022
ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အာသောကာရုံတောရကျောင်းတိုက် ပဓာန နာယကဆရာတော်၏တပည့် သာမဏေကျော်ဘွဲ့ရ အရှင်ဥက္ကံသာလင်္ကာရ" ပထမ ဂုဏ်ထူး"၏ "ဂုဏဝိသိဋ္ဌပူဇော်ပွဲ"ကို ယမန်နေ့နံနက် ၉ နာရီအချိန်က စာတိုက်ရပ်ကွက်ရှိ အသောကာရုံတောရကျောင်းတိုက်တွင် ပြုလုပ်သည်။