ခမောက်ကြီးမြို့တွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမသုတ်(ဒုတိယကြိမ်)ထိုးနှံပေး

ခမောက်ကြီး ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ခမောက်ကြီးမြို့အမှတ်(၁)နှင့်အမှတ်(၄) ရပ်ကွက်ရှိအသက်(၁၈)နှစ် ပြည့်သူများအား ပဉ္စမအသုတ်(ဒုတိယကြိမ်)ကို ယမန်နေ့ ၁၂ နာရီခန့်မှစ၍ ခမောက်ကြီးမြို့ပြည်သူ့ဆေးရုံ တွင်   ထိုးနှံပေးခဲ့သည်။

ခမောက်ကြီးမြို့တွင် ဒီဇင်ဘာလ(၁၈)ရက်နေ့က ပဉ္စမအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံ ပြီးခဲ့ရာ  ယနေ့၌ ဒုတိယကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။  ထိုသို့ထိုးနှံရာတွင် ဆေး(၁) လုံးလျှင် (၅)ဦးနှုန်းဖြင့် ပထမကြိမ် ထိုးနှံပြီး သူလူ(၆၀၀)အား ထိုးပေးလျက်ရှိသည်။

ထိုသို့ဆေးထိုးနှံကြရာတွင် ခမောက်ကြီးမြို့ အထွေထွေမြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး၏ ကြီးကြပ်မှုဖြင့် ခမောက်ကြီးမြို့တိုက်နယ်ဆရာဝန် ဒေါက်တာအောင်ကျော်ထူး ဦးဆောင်သော ခရိုင်ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းဇယားပြုလုပ်ပေး ခြင်းနှင့်လိုအပ်သည်များ ဆောင်ရွက်ပေးခြင်း၊ ခမောက်ကြီးမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် များလည်း ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရပါသည်။

ရူပါမြင့်(ခမောက်ကြီး)