လွိုင်လင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ် (တော်ပိုင်း) လွိုင်လင်ခရိုင် အမျိုးသမီးအား ကစားဆပ်ကော်မတီနာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များမှ ပြိုင်ပွဲဝင်အမျိုးသမီး (၇၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ငါးဦးတွဲ၊ သုံးဦးတွဲနှင့် တစ်ဦးချင်းပြိုင်ပွဲဟူ၍ အမျိုးအစားသုံးမျိုးဖြင့် ကျင်းပခဲ့သည်။
အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲသို့ ခရိုင်အမျိုးသမီး အားကစား ဆပ်ကော်မတီနာယက၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်ခင်လှိုင်းဝေနှင့် ဖိတ်ကြားထားသူများ၊ မြို့နယ် အသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသမီးများနှင့် နည်းပြအုပ်ချုပ်သူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)