ပင်လောင်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကယားပြည်နယ်နှင့် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်မှ ရောက်ရှိလာသည့် နေရပ်စွန့်ခွာသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test kit ဖြင့်စစ်ဆေးမှုလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီ အထိ နေရပ်စွန့်ခွာသည့် ပြည်သူများ တည်းခိုသည့် နေရာများသို့ သွားရောက် စစ်ဆေးပေး ခဲ့သည်။
စစ်ဆေးမှုလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်စာရေးဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပင်လောင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ကက်သလစ် ဘုရားရှိခိုးကျောင်း ဘောဒါဆောင်နှင့် ရပ်ကွက်ဓမ္မာရုံတွင် လာရောက်တည်း ခိုနေထိုင်သည့် နေရပ်စွန့်ခွာသည့် ပြည်သူများမှ အသက်ငါးနှစ်အထက်ရှိ ပြည်သူ (၄၇၁)ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့ပြီး၊ အဆိုပါ စစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ မရှိကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)