Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နဂါးကိုးကောင်သိဒ္ဓိဆောင်နဂါးရုံ ဘုရားဗုဒ္ဓာဘိသေက အနေကဇာတင်လှူပွဲ ကျင်းပ
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ စေတီတော်မြတ် ပရဝုဏ်အတွင်း တည်ထားကိုးကွယ်ထားသော နဂါးကိုးကောင်သိဒ္ဓိဆောင် နဂါးရုံဘုရားအား ဗုဒ္ဓာဘိသေက အနေကဇာတင်လှူပွဲကို ယနေ့နံနက် (၆)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရာဘာဈေးကောင်းရနေသဖြင့် ရာဘာခြံငယ်သမားများတွက် ခြေကိုက်ရာဘာခြစ်သမားများ အဆင်ပြေ
Jan 16,2022
ယခုနှစ် ဆောင်းရာသီအကုန်တွင် ရာဘာဈေးများ ထိုးတက်နေ၍ ရာဘာခြံသမားများ တွက်ခြေကိုက်သည့် အပြင်ထက်ဝက်စား ရာဘာခြစ် သမားများလည်း အဆင်ပြေလျက်ရှိကြောင်း ဒေသခံရာဘာခြံငယ်ပိုင်ရှင်များမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jan 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့ သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 16,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) (ပထမအကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်
Jan 16,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covishield) ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင် ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာဦးလှသန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase(3,4,5) ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိပြီး Phase 6 (First Dose) ကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်
Jan 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း Phase(3,4,5) Second Dose ကို မြို့ပေါ်ရှိ သတ်မှတ်ဆေးထိုးစုရပ်(၂)ခုတွင် နေ့စဉ် ထိုးနှံပေးလျက်ရှိပြီး၊ Phase -6 First Dose ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ (၄၁) ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jan 16,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁) ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ယမန်နေ့မှစ၍ ပျော်ပွဲ ရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20553
Page
20554
Page
20555
Page
20556
Current page
20557
Page
20558
Page
20559
Page
20560
Page
20561
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department