ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ကျိုင်းတုံ   ဇန်နဝါရီ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအေးမင်းမောင်နှင့် မြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးတင့်နိုင်ထွန်းတို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျှင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ကျိုင်းတုံ)မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောပြီး မီးသတ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ထို့နောက် ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ လက်တွေ့သရုပ်ပြသခြင်း၊ မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံများကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)