ပြင်ဦးလွင်မြို့တွင် ၂၀၂၀  - ၂၀၂၁   ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ပြင်ဦးလွင်      ဇန်နဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဂျီအီးစီ ခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်သမဝါယမဉီးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အသင်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်၊ ဂျီအီးစီ ခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌဒေါ်ခင်မိုးကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး -ဒေါ်ဝင်းမို့မို့လွင်မှ  ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာကိစ္စရပ်များနှင့် လမ်းညွှန်စကားများ ပြောကြားခြင်း၊   မြို့နယ်သမဝါယမဦးစီးဌာန၊ ဌာနခွဲစာရေး ၊ ဒေါ်နွဲ့ရီ မှ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏  လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အချိုးခွဲ ဝေမှုရှင်းတမ်းများအား  တာဝန်ကျအသင်းစာရင်းစစ်မှ ဖတ်ကြားတင်ပြခြင်းနှင့် ဂျီအီးစီ ခရိုင်ဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အဖွဲ့ဝင် ဦးကျော်သင်းနိုင်မှ ဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် အစီရင်ခံစာအား  အသင်းစာရင်းစစ်မှ  ဖတ်ကြားတင်သွင်းခြင်းများ အသီးသီးပြောကြား ခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် အသင်းသားများက သိရှိလိုသည်များ  မေးမြန်းပြီးတာဝန်ရှိသူများမှ  ပြန်လည်ဖြေကြားခဲ့၍ ၂၀၂၀-၂၀၂၁- ဘဏ္ဍာရေး နှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ  အတည်ပြုချက်ရယူကာ ပြင်ဦးလွင်မြို့နယ်၊  ဂျီအီးစီခရိုင် ဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ  ဒေါ်ခင်မိုးကြည်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အသင်းသားများအား အစားအစာများနှင့်  ဆပ်ပြာဘူးများ အမှတ်တရပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)