မော်လမြိုင်ခရိုင်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) Online မှ ရိုက်ကူးတင်ဆက်

မော်လမြိုင်  ဇန်နဝါရီ    ၂၀

ပြည်သူလူထုအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမှုမခံရ စေရန် ကာကွယ်ရမည့်အချက်များကို သိရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အမှတ်(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု   (မော်လမြိုင်)တို့ ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီ က   လူထုအခြေပြုဗဟိုဌာန  (Community   Center)    ခန်းမတွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို Online   ရိုက်ကူး တင်ဆက်ပေးသည်။

ဆွေးနွေးပွဲတွင်  မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူဝင်း က ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးအမှတ် () လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်)မှ ဒုတိယရဲမှူး သိန်းဇော်မြင့် က လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ အသုံးပြုလုပ်ဆောင်နေသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ မည့်သည့်ရည်ရွယ်ချက်ဖြင့်   ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ မွန်ပြည်နယ်အတွင်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ခဲ့မှုများ၊ လူကုန်ကူးမှုမခံရစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် လူကုန်ကူးမှုဟု သံသယရှိပါက ဆက်သွယ်တိုင်ကြားရမည့် Hot Line ဖုန်းနံပါတ်များကို အသေးစိတ်ဆွေးနွေးပေးသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်းမှာ ပြည်သူလူထုအနေဖြင့် အသိပညာဗဟုသုတရရှိစေရန် နေ့ထူး၊ နေ့မြတ်ဆိုင်သည့် အကြာင်းအရာ များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းအပြင် အခြားအသိပညာပေးရေး လုပ်ငန်းများကိုလည်း Online မှတစ်ဆင့် စဉ်ဆက်မပြတ်   ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း