မုံရွာ ဇန်နဝါရီ ၂၀
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၂၀ရက်၊ယနေ့ နံနက် ၁၀ နာရီအချိန် ပြည်ထောင်စုနေ့ အကြို ဓာတ်ပုံပြပွဲကိုပြသခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဓာတ်ပုံပြပွဲကို မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကျင်းပခဲ့ကြပြီး အခမ်းအနားတွင် ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူးဦးမြင့်နိုင်စိုးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်၊ဆရာဦးဘုန်းကြွယ်( ဘုန်းကြွယ် - ပညာရေး)တို့က ပြပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဓာတ်ပုံ ပြပွဲပြသထား ရှိမှုများ အားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်