ချောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ဝန်ထမ်များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့များနှင့် ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀နာရီက စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခြင်း၊ ယင်းနောက် ဇန်နဝါရီ ၁၇ ရက် နေ့ထုတ်ကြေးမုံသတင်းစာပါ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) ရေးသားသည့်``အောင်မြင်သော လူငယ်လေးများပျိုးထောင်ခြင်း " ဆောင်းပါးတွင်ပါရှိသည့်လူငယ်များကို လူတော်များဖြစ်စေ ရန်ပျိုးထောင်ပုံ၊မိဘ များ၏ပံပိုးမြှင့်တင်အားကောင်းပုံ၊ ယှဉ်ပြိုင်မှုနှင့်တိုး တက်မှုကိုတွန်း အားပေးပုံများကို တက်ရောက်လာသော Book Club အဖွဲ့များ၊ဝန်ထမ်းများ ဖြင့်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)