တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

တပ်ကုန်း       ဇန်နဝါရီ     ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုအား ထောက်ပံ့ပစ္စည်းနှင့်ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ရက် မွန်းလွဲ ၁နာရီက အဆိုပါ ကျေးရွာအရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထိုထောက်ပံ့ပေးအပ်ရာတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး၊ ဥတ္တရခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာဝင်း၊ တပ်ကုန်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒုတိယတိုင်းကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစိုးလင်းဦးတို့က မီးဘေးသင့် အိမ်ထောင်စု ဝင်များအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီးနောက်  မီးဘေးသင့်အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာနှင့် ပစ္စည်း(၁၇) မျိုးပါပုံး(၁)ပုံး၊ အိမ်အသေးဆောက်စရိတ်(၁)သိန်း၊ အိမ်အကြီးဆောက် စရိတ်(၂)သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအအသင်းမှ ပစ္စည်း(၁၅)မျိုးပါ Family Kit (၁)ပုံး၊ ပစ္စည်း (၁၈)မျိုးပါ Hygiene  Kit (၁)ပုံးနှင့်လွှ၊တူပစ္စည်း မျိုးစုံပါ လက်သမားသုံးအိတ်(၁)အိတ်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်မှ တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 တင်စိုးလွင်