ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆင်းရဲနွမ်းပါး မွေးရာပါ မသန်စွမ်းအိမ်ထောင်စူများကို ယမန်နေ့ နံနက် (၁၀)နာရီမှစ၍ ပထမအကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် သတ်မှတ် မသန်စွမ်းအိမ်ထောင်စု (၃၉၂) အိမ်ထောင်စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးဆောင်၍ မြို့နယ်ကြ က်ခြေနီတပ်ဖွဲ့ စေတနာ့ လုပ်အားရှင်များမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆင်းရဲနွမ်းပါ မွေးရာပါ မသန်စွမ်းအိမ်ထောင်စုများအား ပထမအကြိမ် အဖြစ် ဆန်ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ငွေကြေးဆက်လက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းကိုလဲ ဒဂုံဆိပ်ကမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ် တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်ထံမှ သိရသည်။
ဖြိုးစန္ဒာကျော်