ဗိုလ်တထောင် ဇန်နဝါရီ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးအသိ ပညာပေး Talk Showဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗိုလ်တထောင်မြို့နယ်ရုံး၊လူထုအခြေပြုဗဟိုဌာန(Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး သိကောင်းစရာများနှင့်ပတ်သက်၍ ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်နှင့် ဗိုလ်တထောင်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြတ်မြတ်စိန်တို့က စာပေမှရရှိသော ဗဟုသုတများ၊ စာပေဖတ်ရှု့ရခြင်းအကျိုး ကျေးဇူး၊ လူငယ်များအနေဖြင့် ကျောင်းစာ များအပြင် ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှု့မှတ်သားရန်၊ စာပေမှရရှိသည့် အသိပညာများကို မိမိဘဝ၏တိုးတက် ရာတိုးတက်ကြောင်းအတွက် နည်းလမ်းယူရန်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ များကို သိရှိပြီးလိုက်နာကျင့်သုံးနိုင်ရန်၊ တိုင်းပြည်နှင့်လူမျိုးများ၏ သမိုင်းအစဉ်အလာ မြင့်မားခဲ့ပုံများ၊ စာပေမှရရှိသည့် အသိပညာ များကို ဆွေးနွေးခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ၊ အသိပညာပေး Talk Show များကို Online မှ တဆင့် ထုတ် လွှင့်ပေးလျက်ရှိကြောင်းသိရသည်။
မေနှင်း