မိုင်းခတ်၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်​​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အခမ်းအနား ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းခတ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်၌ ၂၀၂၂ ခုနှစ် ဖေ​ဖော်ဝါရီလ ၁၂​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အခမ်းအနား ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်ဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့အခြေ‌ချ(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက အဖွင့် အမှာစကား​ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမြင့်စိုးက (၇၅)နှစ်​​မြောက် စိန်ရတုပြည်​ထောင်စု​နေ့​ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်​ရေး အခမ်းအနား ကြိုတင်ပြင်ဆင်ရေး၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပရမည့် အစီအစဉ် များ၊​ ဆု​ချီးမြှင့်ခြင်း အစီအစဉ်များ၊​ ဖျော်​ဖြေ​ရေးအစီအစဉ်များ၊ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး၊ ကျန်းမာ​ရေး​​စောင့်​ရှောက်မှု၊ ဇာတ်စင်တည်​ဆောက်​ရေး၊ လုံခြုံ​ရေးစသည့် ကိစ္စရပ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့နောက် တက်​ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်​ရေးမှူးများ၊ ဖိတ်ကြားထားသူများက (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့​အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်​ရေးလုပ်ငန်းများကို​ ဆွေး​နွေးကြရာ တာဝန်ရှိသူများက​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)