မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် သတိပြုကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းသားလူငယ်များအား လူကုန် ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေ က ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးခံရမှုမှ ကင်းဝေးစေရေးအတွက် မိမိတို့ ပတ်ဝန်းကျင်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် လူကုန်ကူးမှုဖြစ်ရပ်များ၊ လူစိမ်းများနှင့် ဆက်ဆံရာ တွင် သတိပြုသင့်သည့်အချက်များ၊ မိမိတို့၏ ပတ်ဝန်းကျင်ရှိ လူတစ်ဦးဦး (သို့မဟုတ်) မိမိကိုယ်တိုင် လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူကုန်ကူးမှုအန္တရာယ် သတိပြုကာကွယ်နိုင်ရေး အသိ ပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)