ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဘူးသီးတောင် ဇန်နဝါရီ    ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ညနေ ၂နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး တခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိ ရသည့် မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့် အတွက်မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက် တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ရောဂါကူးစက်ခံရသည့်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး ဆေးကုသခံယူကြရန်၊ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိစေရန် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေ ပြည့်ဝစွာ ထိုးနှံကြပါရန်စသည့်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

လှကျော်